Posts

Showing posts from October, 2020

သစ္စာတရား

 သစ္စာတရား (ဒုက္ခသစ္စာ) ___________ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ လူနတ်ဗြဟ္မာ သတ္တဝါများကို လောကဖြစ်စဉ်ကို အမှန်အတိုင်း သိဖို့အတွက် " သစ္စာတရား" ကို ဟောကြားတော်မူခဲ့လေသည်။ သစ္စာဆိုတာ လောကကြီးမှာ ပကတိဖြစ်နေသည့် အရှိတရားပင် ဖြစ်၏။ သစ္စာသိလျှင် ဒုက္ခငြိမ်း၏။ သစ္စာ မသိကြလို့ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက ဒုက္ခငြိမ်းဖို့အတွက် သစ္စာတရားကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သစ္စာတရားသည် ၄- ပါး ရှိ၏။ ၁။ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား။ ( ရုပ်နှင့် နာမ်) ၂။ သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ ( လောဘ)။ ၃။ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ အမှန်တရား။ ( နိဗ္ဗာန်)။ ၄။ မဂ္ဂသစ္စာ - ဆင်းရဲချုပ်ကြောင်း အမှန်တရား။ ( မဂ္ဂင်ရှစ်ပါး)။ ၁။ ဒုက္ခသစ္စာ ------------ "ဒုက္ခသစ္စာ" ဟူသည် အမှန်ဆင်းရဲသည့်တရားဟု အဓိပ္ပါယ်ရ၏။ ဆင်းရဲသည့်တရားဆိုသည်မှာ တခြား မဟုတ်၊ သတ္တဝါများ ရရှိထားသည့်  " ဘဝခန္ဓာ" ပင် ဖြစ်သည်။ တချို့ခန္ဓာသည် ရုပ်တရားနှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် နာမ်တရား (စိတ်) နှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် ရုပ် နာမ်နှစ်ပါးဖြင့် တည်ဆောက်ထာ...