တန်ဆောင်မုန်းလပြည့်နေ့
#crd “တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့” •••••••••••••••••••••••••••••••••••••••••••••••••••••••••••• မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။ ●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ●ကထိန်သင်္ကန်း အလှူပွဲတော်၊ ●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊ ●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ●ကျီးမနိုးပွဲတော်၊ ●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိကြပါတယ်။ ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။ အဇာတသတ်မင်းဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။ ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။ ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားပါတယ်။ ဒါပေမ...