Posts

Showing posts from March, 2020

လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ(၅)ပါး

Image
လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ ၆ ပါး ++++++++++++++++++++++++++++++++ အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊ ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊ လိုအပ်သည်သာ၊ ထို့နောက်မှာလျှင်၊ ငါးဖြာပဥ္စသီ၊ ထိန်းစောင့်ညီလျက်၊ ထိုပြီနောက်တိ၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတပါး၊ မြင်ကြားရှာဖွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်၌မကွာ၊ ယှဉ်စေရာ၏။ တစ်ဖြာထိုမှ၊ ဓနရှာခြင်း၊ မပျင်းလုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ၊ လူဖြစ်ပြီတို့၊ လောကီလောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏။ (မဃဒေဝ -၃၂၆)။ ကံအားလျှော်စွာ အရတော်လို့ လူဖြစ်လာသောသူတို့သည် (၁) ကျန်းမာရေးကောင်းအောင် နေထိုင်ရမည်။ လူသားတို့သည် အနာရောဂါကင်းခြင်းဟုဆိုအပ်သော ကျန်းမာရေးကောင်းခြင်းတည်းဟူသော လာဘ်ကို အထူးလိုအပ်ပါသည်။ ကျန်းမာရေးမကောင်းလျှင် မည်သည့် အရာမျှ တိုးတက်အောင် ပြုလုပ်ရာ၌ မဆင်မပြေပါ။ ဗုဒ္ဓစာပေတွင် ကျန်းမာခြင်းသည် မြတ်သော လာဘ်ဖြစ်၏။ ရောင်ရဲတင်းတိမ်ခြင်းသည် မြတ်သော ဥစ္စာဖြစ်၏။ မိမိနှင့် ချစ်ကျွမ်းဝင်သူသည် မြတ်သော မိတ်ဆွေဖြစ်၏။ နိဗ္ဗာန်သည် မြတ်သော ချမ်းသာ ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောတော်မူ၏။ မဟာဘာရတ ဇာတ်တော်ကြီးတွင် ဟတ္ထိနာဂပုရပြည့...

အရှင်မဟာကဿပ(သို့မဟုတ်)ဆင်းရဲသားတို့၏ကိုးကွယ်ရာ

အရှင်မဟာကဿပ(သို့မဟုတ်) ဆင်းရဲသားတို့၏ ကိုးကွယ်ရာ ========================================= {အရှင်မဟာကဿပ မထေရ်မြတ်ဟာ ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ တတိယ မဟာသာ၀ကကြီးတစ်ပါး ဖြစ်တော်မူ ပါ တယ်။ လွန်လေပြီးသောအခါ ကမ္ဘတစ်သိန်းထက်က ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာနိသဘမထေရ်ကို ကြည်ညို အား ကျကာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ရဲ့ထံတော်မှာ ဆုထူးပန်ဆင်ခဲ့တာဖြစ်ပြီး ပါရမီတော်တွေကို ထူးချွန်ပြောင်မြောက်စွာ ဖြည့် ဆည်းတော်မူခဲ့တာလည်း ဖြစ်ပါတယ်။         အရှင်မဟာကဿပမထေရဲ့ အတိတ်ဘာဇာတ်ကြောင်းနဲ့ ပစ္စုပ္ပာန်ဘ၀ အချင်းအရာတွေဟာ အင်မတန် ဆန်းကြယ် အံ့သြဖွယ်တွေဖြစ်သလို လွန်စွာမှလည်း ကြီးကျယ်မြင့်မြတ်လှပါတယ်။ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက " မြန်မာပြည်က ထေရုပ္ပတ္တိတွေဟာ လူလို မရေးကြဘူး။ နတ်လို ရေးနေကြတယ်။ ငါ့ကတော့ ငါရဲ့ထေရုပ္ပတ္တိကို လူလိုပဲရေးမယ်"လို့ တစ်ချိန်က မိန့်ကြားတော်မူခဲ့ဖူးပါတယ်။အရှင် မဟာကဿပမထေရ်ရဲ့ ထေရုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ "လူလို နတ်လိုသာမက ဗြဟ္မာလို ရေးပါမှ"တိကျမှန်ကန်ပြည့်စုံနိုင်မှာပါ။} အရှင်မဟာကဿပ မထေရ်လောင်းလျာဟာ နောက်ဆုံးဘ၀မှာ မဂဓတိုင်း၊ မဟာတိတ္ထ ပုဏားရွာ ကပိလပုဏား...
Image
သူတော်စကားနေ့တိုင်းကြားလည်း ======================= မကြာမီအချိန်ကမှ သာသနာတွင်း ဝင်ရောက်လာတဲ့ တိဿဆိုတဲ့ တောထွက် ရဟန်းကြီး တစ်ပါးဟာ မြတ်စွာဘုရားရှင်ရဲ့ ဝမ်းကွဲ ညီအကို တော်သူပါ။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာလေ့ ရှိသူတို့ရဲ့ ဆုံစည်းရာ နေရာဖြစ်တဲ့ ဇေတဝန်ကျောင်းတော် အလည်က ဇရပ်တစ်ဆောင်မှာ အနေများပါတယ်။ မြတ်စွာဘုရားကို ပူဇော်ဆက်ကပ်ကြတဲ့ လှူဒါန်း စားသောက် ဖွယ်တွေကို မှီဝဲ စားသောက်ပြီး ဇိမ်ကျကျ စတိုင်ကျကျနဲ့ နေထိုင် လေ့ရှိပါတယ်၊ ဘုရားရှင်ကိုဖူးမြော် ကြည်ညိုဖို့ အဝေးကနေ ရောက်လာကြတဲ့ ရဟန်းတော်များက သူ့ရဲ့အခြမှန်ကို မသိတာကြောင့် သက်ကြီးဝါကြီး မထေရ်ကြီးတစ်ပါးအမှတ်နဲ့ သူ့ကိုရှိခိုးပူဇော်ကြ၊ ဝတ်ကြီးဝတ်ငယ်များကိုလည်း ပြုစုကြပါတယ်၊ ဒါကိုသူကလည်း သာယာကျေနပ်နေပါတယ်၊ တကယ်ဆို ရဟန်းတော်များဆိုတာက အချင်းချင်း သိက္ခာဝါကြီးသူ ( ဉီးစွာရဟန်းဖြစ်သူ) ကို အရိုအသေပေးရရိုး အစ ဉ်အလာရှိပါတယ်၊ သို့ပေမယ့် ဒီတိဿရဟန်းကြီးကတော့ ဒီအစ ဉ်အလာကို မသိကျိုး ကျွန်ပြုပြီး ကိုယ့်ထက်သိက္ခာဝါကြီးသူများရဲ့ အရိုအသေပေးမှုကို ခံယူကျေနပ်နေခဲ့တာပါ။ တနေ့မတော့ ရဟန်းငယ် တစ်ပါးက အရှင်ဘုရား ဝါတော် ဘယ်လောက် ရှိပါပြီလဲဘုရားလို့ စူးစမ...
Image
ရဟန်းကျင့်ဖွယ် ၂၂၇ သွယ် ဝိနည်းတော်အကျဉ်း ●●●●●●●●●●●●●● (ယူနီကုတ်၊ ဇော်ဂျီပြဿနာကြောင့် Typing Error များကို သည်းခံ၍ ဖတ်ရှုကြပါခင်ဗျာ။ နားမလည်ပါက ပြန်လည် ​မေးမြန်းနိုင်ပါတယ်။) {ပါရာဇိက ၄ ပါး } ၁ ။ မေထုန်မကျင့်ရ ၂ ။ သူတပါးဥစ်စာမခိုးရ ၃ ။ လူမသတ်ရ မသတ်ခိုင်းရ ၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။ {သံဃဒိသိသ် ၁၃ ပါး } ၅ ။ သုတ်မလွှတ်ရ ၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ ၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ ၈ ။ မေထုန် အလှူမခံရ ၉ ။ မအောင်သွယ်ရ ၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ ၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ ၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ ၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ ၁၄ ။ သံဃာကို သင်းမခွဲရ ၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ ၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည် ၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။ { အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) } ၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမ...