သူတော်စကားနေ့တိုင်းကြားလည်း
=======================
မကြာမီအချိန်ကမှ သာသနာတွင်း ဝင်ရောက်လာတဲ့ တိဿဆိုတဲ့ တောထွက် ရဟန်းကြီး တစ်ပါးဟာ မြတ်စွာဘုရားရှင်ရဲ့ ဝမ်းကွဲ ညီအကို တော်သူပါ။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာလေ့ ရှိသူတို့ရဲ့ ဆုံစည်းရာ နေရာဖြစ်တဲ့ ဇေတဝန်ကျောင်းတော် အလည်က ဇရပ်တစ်ဆောင်မှာ အနေများပါတယ်။
မြတ်စွာဘုရားကို ပူဇော်ဆက်ကပ်ကြတဲ့ လှူဒါန်း စားသောက် ဖွယ်တွေကို မှီဝဲ စားသောက်ပြီး ဇိမ်ကျကျ စတိုင်ကျကျနဲ့ နေထိုင် လေ့ရှိပါတယ်၊ ဘုရားရှင်ကိုဖူးမြော် ကြည်ညိုဖို့ အဝေးကနေ ရောက်လာကြတဲ့ ရဟန်းတော်များက သူ့ရဲ့အခြမှန်ကို မသိတာကြောင့် သက်ကြီးဝါကြီး မထေရ်ကြီးတစ်ပါးအမှတ်နဲ့ သူ့ကိုရှိခိုးပူဇော်ကြ၊ ဝတ်ကြီးဝတ်ငယ်များကိုလည်း ပြုစုကြပါတယ်၊ ဒါကိုသူကလည်း သာယာကျေနပ်နေပါတယ်၊ တကယ်ဆို ရဟန်းတော်များဆိုတာက အချင်းချင်း သိက္ခာဝါကြီးသူ ( ဉီးစွာရဟန်းဖြစ်သူ) ကို အရိုအသေပေးရရိုး အစ ဉ်အလာရှိပါတယ်၊ သို့ပေမယ့် ဒီတိဿရဟန်းကြီးကတော့ ဒီအစ ဉ်အလာကို မသိကျိုး ကျွန်ပြုပြီး ကိုယ့်ထက်သိက္ခာဝါကြီးသူများရဲ့ အရိုအသေပေးမှုကို ခံယူကျေနပ်နေခဲ့တာပါ။
တနေ့မတော့ ရဟန်းငယ် တစ်ပါးက အရှင်ဘုရား ဝါတော် ဘယ်လောက် ရှိပါပြီလဲဘုရားလို့ စူးစမ်း မေးမြန်းခဲ့ပါတယ်၊ ဒီအခါမှာမှ တိဿရဟန်းကြီးက ငါ့မှာဝါမရှိ သေးပါလို့ပြန်ဖြေပါတယ်၊ အော် တယ်လည်းခက်တဲ့ ရဟန်းကြီးပဲ၊ ကိုယ့်ပမာဏကို ကိုယ်မသိဘူး၊ မထေရ်တွေ မြောက်များစွာ တွေ့မြင်ပါလျက်နဲ့ အရိုအသေ ပေးရကောင်းမှန်းမသိ၊ ဝတ်ကြီး ဝတ်ငယ်ပြုရကောင်းမှန်း မသိပဲ မသိသလို နေနေတယ်၊ သူတစ်ပါးတွေ အပြုအစုကို ခံယူကျေနပ် နေတယ်၊ အံ့သြစရာ ပါပဲလို့ ရဟန်းများက ကဲ့ရဲ့စကား ဆိုပါတယ်။
ဒီတော့ မင်းမျိုး မာန်တက်နေတဲ့ တောထွက်ရဟန်းကြီးက နေပါ ဉီး၊ ခု သင်တို့ဘယ်သူ့ထံ လာကြတာလဲ၊ ဘုရားရှင်ထ ံလာကြတာမဟုတ်လား၊ ငါဘယ်သူ ဆိုတာရော သိကြရရဲ့လား၊ အေးသင်တို့ ငါ့အကြောင်းသိစေရမယ်၊ သင်တို့ကို အမြစ်ပါမကျန် ဖျက်ဆီးပစ်မယ်ရယ်လို့ ကြိမ်းမောင်းပြောဆို ပါတယ်၊ နောက်ပြီး သူက ဝမ်းနည်းပက် လက်ငိုကျွေပြီး ဘုရားရှင်ထံကို သွားရောက် တိုင်ကြားပါတယ်၊ သူမျှော်လင့်တာက ဘုရားရှင်က သူ့ဆွေမျိုးမို့ မှန်မှန်မှားမှား သူ့ဖက်ကနေ ဆွေမျိုးချင်း ရိုင်းပင်း ကာကွယ် ပေးလိမ့်မယ်လို့ ယူဆဟန်ရှိ ပါတယ်။
သို့ပေမယ့် ဘုရားရှင်တို့ ဆိုတာက အမှန်ကိုသာ လမ်းညွှန် မိန့်ကြား တတ်သလို အမှန်တရား ဖက်ကသာ အစ ဉ်ထာဝရ ရပ်တည်လေ့ ရှိတာပါ၊ ဆွေမျိုးဉာတကာ အမှားမို့ ဒါတော့ ထားလိုက်ပါ၊ ဒါသူ့အဆိုး မဟုတ်ပါဘူး ဆိုတာမျိုး ဘယ်မှာရှိပါ့မလဲ၊ နောက်ပြီး သူ့ဆွေမျိုးတွေရဲ့ အမှားပြုလုပ်မှု ကံတရား ဆိုးကျိုးဆက်က နည်းပါး ပေါ့လျော့စေ၊ တစိမ်းတရံ များရဲ့ အကုသိုလ်အကျိုး ဆက်ကတော့ ပိုမိုဆိုးရွားစေ၊ ကောင်းမှုကံ မကောင်းမှုက ံတရားများ အကျိုးဆက်မှာ ဆွေမျိုး ဉာတကာတွေ ရရှိခံစားရမည့် ရလဒ်များနဲ့ အခြားသူများအတွက် ရလဒ် မတူခြားနားစေ ဆိုတာမျိုးလည်း ဘယ်မှာ ရှိပါ့မလဲ။ဘုရားဆိုတာ မပြောင်းလဲတဲ့ အမှန်တရားနဲ့ တစ်ထပ်တစ်သားတည်း ကျနေတဲ့ တုနှိုင်းမဲ့ အာဃအာဇာနည် လူသားမျိုးပဲ မဟုတ်လား။
ဘုရားရှင်က အကြောင်းစုံကို မေးမြန်းခဲ့ပါတယ်၊ တိဿရဟန်းကြီးရဲ့ ဝတ္တရား ချွတ်ယွင်းမှုကြောင့် ခုလိုဖြစ်ခဲ့ရတာကို သိရတဲ့အတွက် ပြောဆိုကြတဲ့ ရဟန်းများ အပေါ်မှာ သည်းခံခွင့်လွှတ်ဖို့၊ ကိုယ့်ဝတ္တရား များကိုလည်း ကျေပွန်စွာ ပြု လုပ်ဖို့ ဗုဒြွက တိဿရဟန်းကြီးကို မိန့်ပါတယ်။ သို့ပေမယ့် တိဿရဟန်းကြီးက ဘုရားရှင်ရဲ့စကားကို နားမထောင် လက်မခံပါဘူး၊ သူ့ကိုပြောဆိုကြတဲ့ ရဟန်းများအပေါ်မှာ ဘယ်လိုမှ ခွင့်မလွှတ် နိုင်ကြောင်းကိုသာ အကြောက်အကန် ပြောဆိုခဲ့ပါ တယ်။
ဒီတော့ ရဟန်းတော်များက အော် ဘုရားရှင်က ဆုံးမတာတောင် နားမထောင်ဘူး၊ တော်တော်လည်း ပြောရဆိုရခက် တဲ့ ရဟန်းကြီးပဲရယ် လို့ ပြောဆိုကြပါတယ်၊ ဒီတော့ ဘုရားရှင်က သူက ခုမှသာ ပြောဆိုရ ခက်ခဲတာ မဟုတ်ဘူး၊ ဟိုရှေးဘဝ ကတည်းက ခုလိုပဲ ပြောဆိုရခက်သူ တစ် ဉီးပါဆိုပြီး အဖြစ်အပျက်ဟောင်း တစ်ခုကို မိန့်တော်မူပါတယ်။
တစ်ခါက ဒေဝီလအမည်ရှိတဲ့ ရသေ့တစ်ပါးဟာ ဟိမဝန္တာတောမှာ နေထိုင်ပါတယ်၊ အကြောင်းရှိလို့ မြို့ကိုရောက်တဲ့ အခါ အိုးထိန်းသည် တစ် ဉီးပိုင်ဆိုင်တဲ့ ဇရပ်မှာ တည်းခိုပါတယ်၊ သူ့နည်းတူ နာရဒဆိုတဲ့ အခြားရသေ့ တစ်ပါးလည်း ဟိမဝန္တာ တစ်နေရာကနေ မြို့ကို ရောက်လာတဲ့ အခါမှာ ဇရပ်ပိုင်ရှင် အိုးထိန်းသည်ရော၊ ဉီးစွာရောက်နှင့်နေတဲ့ ဒေဝီလရသေ့ရဲ့ သဘောတူခွင့်ပြုချက်နှင့်ပါ ဒီအိုးထိန်းသည်ရဲ့ ဇရပ်မှာပဲ တည်းခိုပါတယ်၊ ရသေ့နှစ်ပါးဟာ အလ္လာပ သလ္လာ ပပြောဆိုပြီး အသီးသီး အိပ်ရာဝင် ခဲ့ကြပါတယ်၊
အိပ်ရာမဝင်မီမှာ နောက်မှ ရောက်လာတဲ့ နာရဒရသေ့က ဒေဝီလ ရ သေ့ရဲ့ အိပ်ရာနေရာကို သေသေချာချာ မှတ်သားပြီးမှ အိပ်ရာဝင်ပါတယ်၊ ညမှာ အကြောင်းရှိလို့ ထသွားထလာလုပ် ခဲ့လျင် ဒေဝီလရသေ့ကို ထိမိခိုက်မိ မဖြစ်စေဖို့ပါ၊ သို့ပေမယ့် ဒေဝီလရသေ့က မူလနေရာမှာ မအိပ်ပဲ တံခါးဝမှာ ကန့် လန့် အိပ်နေတာကြောင့် ညအခါ နာရဒရသေ့ဇရပ်အပြင်ထွက်တဲ့ အခါ သူ့ဆံကျစ်ကို နင်းမိပါတယ်၊ ဒီတော့ ဒေဝီလ ရသေ့က ကောက်ကျစ် ယုတ်မာတဲ့ရသေ့၊ ဘာကြောင့် ငါ့ဆံကျစ်ကို နင်းရတာလဲလို့ ကျိန်းမောင်း ပြစ်တင်ပါတယ်၊ နာရဒရသေ့က အော် ဆရာရသေ့၊ ဆရာရသေ့ ဒီနေရာမှာ အိပ်နေတာကို မသိတာကြောင့် ခုလိုဖြစ်ရတာပါ၊ သည်းခံ တော်မူပါလို့ တောင်းပန်စကား ဆိုပြီး ဒေဝီလရသေ့ မြည်တွန် တောက်တီး နေစ ဉ်မှာပဲ ဇရပ်အပြင်ကို ထွက်ခဲ့ပါတယ်။
ဒေဝီလ ရသေ့ကလည်း ဒီရသေ့ပြန်ဝင်လျင် ခုလိုပဲ ငါ့ကို ကျော်ဝင်ရမှာ၊ ဒီတော့ ကျော်လျင်လည်း ခြေထောက်ကိုသာ ကျော်ပစေ ဆိုတဲ့အနေနဲ့ မူလခြေထားရာ အရပ်ဖက်ကို ဉီးခေါင်းထားပြီး ပြန်အိပ် နေခဲ့ပါတယ်၊ နာရဒ ရသေ့ကလည်း ပြန်ဝင်တဲ့အခါ ထွက်လာစ ဉ်က ဆံကျစ်ကို နင်းမိပြီး ဆရာရသေ့ကို ပြစ်မှားမိပြီ၊ ပြန်ဝင်တဲ့ အခါမတော့ ခြေရင်းဘက်က ဝင်မှလို့စိတ်ကူးပြီး ဝင်တဲ့အခါမှာ ဒေဝီလရသေ့ရဲ့ လည်ပင်းကို တက်နင်းမိပါတယ်။ အော်ရသေ့ယုတ်၊ ထွက်စ ဉ်ကလည်း ငါ့ဆံကျစ်ကို နင်းခဲ့ပြီ၊ ခုလည်းငါ့လည်းပင်းကို နင်းပြန်ပြီ၊ သင့်ကို ငါကျိန်ဆဲတော့ မယ်ရယ်လို့ ပြောဆိုပါတယ်၊
ဒီအခါမှာ နာရဒရသေ့က ဆရာ ဒါကျွန်ုပ် အပြစ်မဟုတ်ပါ၊ ဆရာရသေ့ ခုလို အိပ်နေမှန်း မသိတာကြောင့် တစ်ခါပြစ် မှားမိပါသည်၊ ခုနောက်တစ်ခါ မှာလည်း ခြေရင်းဘက်က ဝင်အံ့ဆိုပြီး ဝင်လာခဲ့တာပါ။ ဆရာရသေ့ သည်းခံတော်မူပါလို့ တောင်းပန်စကား ဆိုခဲ့ပါတယ်။ သို့ပေမယ့် ဘယ်လိုမှတောင်းပန် စကားဆိုလို့ မရခဲ့ပါဘူး။ ဒါကြောင့် ဒေဝီလ ရသေ့က ဓရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ နေမင်းကြီးဟာ အမိုက်မှောင်ကို ပယ်ဖျောက်တတ်တယ်၊ နံနက် လင်းလို့ ဒီနေမင်းကြီး ထွန်းလင်းတောက်ပလာတဲ့ အခါမှာ ဒီရသေ့ယုတ်ရဲ့ ဉီးခေါင်း ခုနစ်စိတ်ခုနစ်ဖြာ ကွဲပါစေသားဓ ရယ်လို့ ကျိန်စာ စကားဆိုခဲ့ပါတယ်။
နာရဒရသေ့ကလည်း ဆရာ ငါ့မှာ အပြစ်မရှိ၊ တောင်းပန်နေသည့် ကြားကပဲ သင်ကကျိန်ဆိုတယ်၊ ဒီတော့ အကျွန်ုပ် ကလည်း အပြစ်မရှိကြောင်း သက်သေထူဖို့ သင့်လိုပဲ ကျိန်စာစကား ဆိုရတော့မှာပ၊ အပြစ်ရှိသူရဲ့ ဉီးခေါင်းသာကွဲပြီး၊ အပြစ်မရှိသူ ဉီးခေါင်း မကွဲပါစေသတည်းလို့ ပြောဆိုပြီး တုန့်လှည့်တစ်ဖန် ဒေဝီလရသေ့နည်းတူ ကျိန်စာစကားဆိုခဲ့ပါတယ်။
တကယ်တော့ နာရဒရသေ့က တန်ခိုးဣဒ္ဓပါဒ် နဲ့ပြည့်စုံတဲ့ ရသေ့တစ်ပါးပါ။ အတိတ်ကမ္ဘာလေးဆယ်၊ အနာဂါတ်ကမ္ဘာ လေးဆယ်ကို အောက်မေ့ ဆင်ခြင်နိုင်စွမ်းရှိပါတယ်၊ သူတို့နှစ် ဉီး ကျိန်ဆိုပြီးတော့ ဘယ်သူ့ကျိန်ဆိုမှုက အလေးသာ လေမလဲလို့ ဆင်ခြင်တဲ့အခါမှာ သူကအလေးသာတာကို သိပါတယ်။ ဒါကြောင့် ဒေဝီလရသေ့အပေါ်မှာ ကျရောက်မည့် အန္တာရာယ်ကို မြော်တွေးသနားပြီး နေမင်းကြီး ထွက်ပေါ်မလာအောင် တားမြစ်ထားပါတယ်။ နေထွက်ချိန်ရောက်ပါလျက် ထွက်ပေါ်မလာနိုင်တာကြောင့် သာမန်မြို့သူမြို့သားတွေအစ ရှင်ဘုရင်အဆုံး ဒီပြဿနာရဲ့ အကြောင်းရင်းကို ရှာဖွေကြတော့ အဖြစ်မှန်ကို သိကြရပါတယ်။
အကြောင်းစုံကို စုံစမ်းပြီးတဲ့ အခါမတော့ ဒီပြဿနာဟာ ဒေဝီလရသေ့ကနေ နာရဒရသေ့ကို တောင်းပန်စကားဆိုလျင် ပြေလည်သွားမယ်ဆိုတာ ပြည့်ရှင်မင်းကြီး သိခဲ့ပါတယ်၊ မင်းကြီးက ဒေဝီလရသေ့ကို နာရဒရသေ့အား တောင်းပန်စကားဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။ မင်းကြီး စကားကို ဒေဝီလရသေ့ကနားမထောင် လက်မခံခဲ့ပါဘူး၊ အဆုံးမတော့ ဒေဝီလရသေ့ရဲ့ လက်ခြေတို့ကို ဖမ်းချုပ်တုတ်နှောင်ပြီး နာရဒရသေ့ရဲ့ ခြေရင်းမှာ သူ့ဆန္ဒမပါပဲ ဝပ်စင်းတောင်းပန်စေခဲ့ပါတယ်။
နာရဒရသေ့က ခွင့်လွှတ်သည်းခံခဲ့ပေမယ့် ဒေဝီလကိုယ်တိုင် စိတ်ပါလက်ပါ တောင်းပန်ခဲ့တာ မဟုတ်လို့ သူ့အပြစ်ကတော့ လုံးဝကျွတ်လွတ် သွားခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်နေထွက်လာတဲ့အခါ သူ့ ဉီးခေါင်းမကွဲရလေအောင် ရေကန်ထဲမှာ ဉီးခေါင်းမြုတ် ထားပြီး ဉီးခေါင်းပေါ်မှာ မြေစိုင်ခဲ တင်ကာ နေထွက်အလာကို ဒေဝီလရသေ့ စောင့်စားခဲ့ရပါတယ်။ ဒီအကြံကိုလည်း နာရဒရသေ့ကပဲပေးခဲ့တာပါ။ နေထွက်လာတဲ့ အခါမတော့ ဒေဝီလရသေ့ရဲ့ ဉီးခေါင်း ပေါ်ကမြေစိုင်ခဲဟာ ခုနစ်စိတ်ခုနစ်ဖြာ ကွဲကြေလို့သွားခဲ့ပါတယ်။ ဒေဝီလရသေ့ကတော့ အသက်မသေပဲ အန္တရာယ် ကနေလွတ် မြောက်နိုင်ခဲ့ပါတယ်။
ဒီဝတ္ထုကို မြတ်စွာဘုရားက ဟောတော်မူပြီး တစ်ဆက်တည်း
အက္ကောစ္ဆိမံ အဝဓိ မံ ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဉပနယှန္တိ ၊ ဝေရံ တေသံ န သမ္မတိ။ (ဓမ္မပဒ-၃)
ဒီလူဟာ ငါ့ကိုဆဲဖူးသူ၊ ငါ့ကိုသတ်ပုတ်ဖူးသူ၊ ငါ့အပေါ် အနိုင်ယူဖူးသူ၊ ငါ့ ဉစ္စာကို ခိုးဖူးသူပဲဆိုပြီး အမျက်ဒေါသပွား နေမည်ဆိုလျင်ဖြင့် ဘယ်တော့မှ ရန်မီးငြိမ်းနိုင်လိမ့်မယ် မဟုတ်ပေဘူး ရယ်လို့လည်း ဆက်လက်ပြီး မိန့်တော်မူပါတယ်။ ရန်မီးတွေ မငြိမ်းစဲနိုင်တဲ့ ခုလို ကာလ သမယမှာအချင်းချင်းတွေကြား၊ ရန်မီးတွေသိမ်း၊ အေးငြိမ်းချမ်းသာစွာ နေနိုင်စေဖို့ကျိုးကြောင်းပြကာ ဆုံးမစကားဆိုတော်မူတဲ့ မြတ်ဗုဒြွရဲ့စကားတွေ ဟာ လူမျိုးဘာသာနေရာမရွေး မှတ် သားလေးစား လိုက်နာစရာ ကောင်းလှပါတယ်။
လူတိုင်းလူတိုင်း ဘဝမှာ အနည်းနှင့်အများ ဆိုသလိုပဲ အမှားတစ်ခုခုတော့ လုပ်ခဲ့ဖူးကြမှာပါ။ သို့ပေမယ့် ကိုယ်လုပ်ခဲ့တဲ့ အမှားအပေါ်မှာ သင်္ခန်းစာ ယူပုံခြင်းတော့ တစ် ဉီးနှင့်တစ် ဉီး တူနိုင်ကြမယ် မဟုတ်ပါဘူး၊ တချို့က ကိုယ်မှားခဲ့တဲ့ အမှားကို အခြေပြုလို့ နောင်မှာဒီလို အမှားမျိုး ထပ်မကျူးလွန်မိအောင် ရှောင်ကြ ဉ်တာမျိုး ရှိနိုင်သလို၊ ဒီအမှားကို အခြေခံပြီး အမှန်တရား တစ်ခုခုရရှိအောင်၊ ကောင်းကျိုး တစ်ခုခုရအောင် အားထုတ်ကြ သူတွေလည်း ရှိကြမှာပါ။
တချို့ကတော့လည်း မှားပြီးရင်းမှား၊ အမှားသံသရာ ကြားမှာ လုံးလည်းခြာလည် ဖြစ်နေသူတွေလည်း ရှိမှာပါပဲ။ လူတိုင်း မကင်းနိုင်တဲ့ အမှားကိုပဲ မှားရကောင်းလားရယ်လို့ အလွယ်တကူ အပြစ်တင်မည် ဆိုလျင်တော့ မှားသူအမှားထက် အပြစ်တင်သူရဲ့ အမှားက ပိုမို ဆိုးရွားပါလိမ့်မယ်၊ တဖက်မှာလည်း မှားသူအနေနဲ့ မမှားသင့်တဲ့ အမှားမျိုးကို ထပ်ကာထပ်ကာ မှားနေမည် ဆိုလျင်တော့ မိုက်မဲရာကျမှာပါပဲ၊ ပိုဆိုးတာကတော့ ကိုယ့်မှာ ဆင်ခြင် စ ဉ်းစားနိုင်စွမ်း မရှိလို့ ကိုယ့်အမှားကိုယ် မသိတာကို တတ်သိ နားလည်သူများက ဝေဖန်ထောက်ပြ ပါလျက်ကယ်နဲ့ ပြုပြင်ရမှန်းမသိ၊ လေးစား လိုက်နာရမှန်းမသိ ဖြစ်နေ ဉီးမည် ဆိုလျင်ဖြင့် မိုက်မဲရာပါမက ယုတ်ညံ့ရိုင်းစိုင်းရာလည်း ရောက်ပါတယ်။ မှား နေတာကို ကိုယ်တိုင်လည်း သိတယ်၊ တခြား သူများကလည်း ဝေဖန်ထောက်ပြတယ်၊ သို့ပေမယ့် ဒီအမှားကပဲ ကိုယ့် အဖို့ အကျိုးအမြတ် ဖြစ်နေတာမို့ အလားတူ အမှားမျိုးကိုပဲ ထပ်တလဲလဲ ကျူးလွန်တာမျိုး၊ အမှန်မပြုပြင်နိုင်တာမျိုး ကတော့ အဆိုးတကာ့ အဆိုးဆုံးလို့ပြောရမှာပါ။
လောကမှာ ဒေဝီလရသေ့လိုပဲ ကိုယ့်အမှားကိုယ် မသိသူတွေ၊ ကိုယ့်အပြစ်ကို ကိုယ်မမြင် နိုင်သူတွေက အများသားပါ၊ နောက်ပြီး ကိုယ့်အပြစ်ကို သူများ အပြစ်ဖြစ်အောင် လုပ်ကြံတတ် သူတွေဆိုတာလည်း နယ်ပယ် အသီးသီးမှာ ရှိစမြဲပါပဲ၊ သူတစ်ပါးတွေ ဘယ်လိုပင် ထိခိုက်နစ်နာပစေ၊ ကိုယ်သာ အမှန်ဆိုတာကို သက်သေထူဖို့၊ ကိုယ်အသာစီး ရဖို့ဆိုလျင် ဘယ်လိုအောက်တန်းကျ ယုတ်ညံ့တဲ့နည်းကို သုံးရပစေ၊ သုံးကျသူတွေ၊ အသုံးချ သူတွေကလည်း များမှ အများသားပါ ပဲ၊ ဒီလို ကောက်ကျစ် စ ဉ်းလဲတဲ့ နည်းတွေကို အသုံးချပြီး အကျိုးအမြတ် ရရှိလာတဲ့ အခါမှာလည်း ငါမို့လုပ်နိုင်တာ၊ ငါတော်လို့ ရလာတာဆိုပြီးလည်း လွဲမှားစွာ ဂုဏ်ယူကျေနပ်နေသူတွေလည်း ရှိတတ်ပါသေးတယ်။ ပစ္စုန်ပ္ပန် သံသရာ နှစ်တန်ဘဝအတွက် ရင်လေးဖွယ် လူတန်းစားမျိုးတွေပ။
တရားတော် အဆုံးမှာတော့ လူနတ်ဗြဟ္မာပေါင်းများစွာ အသိဉာဏ် အလင်းတွေပွင့်ပြီး အသိမှန် အမြင်မှန်တွေရရှိ သွားကြတယ်လို့ ဆိုပါတယ်၊ အမှန်သိမြင် သွားသူတွေထဲမှာ တိဿရဟန်းကြီးလည်း ပါဝင်ပါတယ်၊ စာရေးသူက ဓမ္မပဒလာ ဒီဇာတ်လမ်းကို ဖတ်မိပြီး အော် တိဿရဟန်းကြီးလိုပဲ မဆိုင်လှစွာ သာသနာ့နယ်ပယ် အထိတောင်မှပဲ လာလို့ ရာဇမာန် တက်နေသူတွေ၊ ကိုယ့်အမှားကို ဆင်ခြင်ရကောင်းမှန်း မသိပဲ သူတစ်ပါးအပေါ်သာ အပြစ်ပုံချတတ် သူတွေ၊ မြတ်စွာဘုရားလို အတုမရှိ အတူမမြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးက ဆုံးမလမ်းညွှန်စကား ဆိုတာကိုတောင် လွယ်လွယ် ကူကူ နာယူ လိုက်နာရမှန်း မသိတဲ့သူတွေ ရှိတတ်တာပါ ကလားလို့ ဆင်ခြင်စ ဉ်းစားရင်း ပစ္စုပ္ပန်ဖြစ်ရပ်အချို့နဲ့ ယှ ဉ်စပ် ပြီး သံဝေဂ အထပ်ထပ် ပွားနေမိပါတယ်။ နောက်ပြီးလည်း တရားမရှိ၊ တရားမသိ လျင်တောင်မှ၊ လောကလူအများ လက်ခံနေတဲ့ အမှားဆိုတာလောက်တော့ သိနိုင်သူများသာ ဖြစ်ကြပါစေ ရယ်လို့လည်း အားလုံးအတွက် ဆုတောင်း စကား ဆိုနေမိပါတယ်။ ။
မေတ္တာများဖြင့်
အရှင်ညာဏိကာဘိဝံသ
ရတနာဝါသဆိုဒ်မှတဆင့်
ဥတ္တရအလင်း(#TTA)

Comments
Post a Comment