Posts

တန်ဆောင်မုန်းလပြည့်နေ့

 #crd “တန်ဆောင်မုန်းလပြည့်နေ့ ၊သာမညဖလ အခါတော်နေ့” ••••••••••••••••••••••••••••••••••••••••••••••••••••••••••••       မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလဟာ တမူထူးခြားတဲ့ လဖြစ်ပါတယ်။  ●ဒီလမှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ●ကထိန်သင်္ကန်း အလှူပွဲတော်၊ ●မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်၊ ●မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊  ●ကျီးမနိုးပွဲတော်၊ ●သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို  ကျင်းပလေ့ရှိကြပါတယ်။ ဒီအထဲမှာ သာမညဖလအခါတော်နေ့ ပွဲတော်  ကျင်းပခြင်းရဲ့ အကြောင်းရင်းကို တင်ပြလိုပါသည်။ အဇာတသတ်မင်းဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး  ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိပါတယ်။  ဒီအချိန်ကစပြီး အိပ်မပျော်တဲ့ ရောဂါဝေဒနာ  စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို  “လှံချက်ပေါင်း အရာအထောင်”တို့နဲ့  ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။  ဒီဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ  ကုစား၍မရ ဖြစ်နေခဲ့ပါတယ်။ ဒီအခါ ဝေဒနာကို  ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ  တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ  ရောက်သွားပါတယ်။ ဒါပေမ...

မှတ်သားဖွယ်ရာများ

 မိဘတွေအနေနှင်မိမိရင်သွေးငယ်တို့ဘဝ အေးချမ်းသာယာစေဖို့နှလုံးသားကို ဘုရားတည်ပေးဖို့မမေ့ကြပါနဲ့လို့ ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော မှတ်သာဖွယ်ရာများ ------------------------------------------          ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ  ၁။ ကကုသန်မြတ်စွာဘုရား ၂။ ကောဏဂုံမြတ်စွာဘုရား ၃။ ကဿ ပမြတ်စွာဘုရား ၄။ ဂေါတမမြတ်စွာဘုရား ၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်) သာသနာတော်သုံးရပ် ၁။ ပရိယတ္တိ သာသနာ= ပိဋကပ်စာပေသင်ကြားခြင်း ၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း ၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း ရတနာသုံးပါး ၁။ ဘုရား                            ၂။ တရား                                    ၃။ သံဃာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍ သိသင့်သောအချက်များ မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ် ...

သဲပုံစေတီတော် ပေါ်ပေါက်လာပုံ

 သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ ======================= သဲပုံစေတီတော် ပေါ်ပေါက်လာပုံလေးပါ သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၄ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။ ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည်ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံတော...

သစ္စာတရား

 သစ္စာတရား (ဒုက္ခသစ္စာ) ___________ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ လူနတ်ဗြဟ္မာ သတ္တဝါများကို လောကဖြစ်စဉ်ကို အမှန်အတိုင်း သိဖို့အတွက် " သစ္စာတရား" ကို ဟောကြားတော်မူခဲ့လေသည်။ သစ္စာဆိုတာ လောကကြီးမှာ ပကတိဖြစ်နေသည့် အရှိတရားပင် ဖြစ်၏။ သစ္စာသိလျှင် ဒုက္ခငြိမ်း၏။ သစ္စာ မသိကြလို့ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက ဒုက္ခငြိမ်းဖို့အတွက် သစ္စာတရားကို ဟောကြားခဲ့ခြင်း ဖြစ်သည်။ သစ္စာတရားသည် ၄- ပါး ရှိ၏။ ၁။ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား။ ( ရုပ်နှင့် နာမ်) ၂။ သမုဒယသစ္စာ - ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ ( လောဘ)။ ၃။ နိရောဓသစ္စာ - ဆင်းရဲချုပ်ရာ အမှန်တရား။ ( နိဗ္ဗာန်)။ ၄။ မဂ္ဂသစ္စာ - ဆင်းရဲချုပ်ကြောင်း အမှန်တရား။ ( မဂ္ဂင်ရှစ်ပါး)။ ၁။ ဒုက္ခသစ္စာ ------------ "ဒုက္ခသစ္စာ" ဟူသည် အမှန်ဆင်းရဲသည့်တရားဟု အဓိပ္ပါယ်ရ၏။ ဆင်းရဲသည့်တရားဆိုသည်မှာ တခြား မဟုတ်၊ သတ္တဝါများ ရရှိထားသည့်  " ဘဝခန္ဓာ" ပင် ဖြစ်သည်။ တချို့ခန္ဓာသည် ရုပ်တရားနှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် နာမ်တရား (စိတ်) နှင့် တည်ဆောက်ထား၏။ တချို့ခန္ဓာသည် ရုပ် နာမ်နှစ်ပါးဖြင့် တည်ဆောက်ထာ...

လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ(၅)ပါး

Image
လူဖြစ်လာလျှင် အလိုအပ်ဆုံးအရာ ၆ ပါး ++++++++++++++++++++++++++++++++ အရတော်ပြန်၊ လူဖြစ်မှန်သော်၊ လက်မွန်ဦးစွာ၊ ကင်းအနာနှင့်၊ ရောဂါမစပ်၊ မြတ်သောလာဘ်ကို၊ လိုအပ်သည်သာ၊ ထို့နောက်မှာလျှင်၊ ငါးဖြာပဥ္စသီ၊ ထိန်းစောင့်ညီလျက်၊ ထိုပြီနောက်တိ၊ ပညာရှိထံ၊ နည်းခံဆုံးမ၊ နောက်မှတပါး၊ မြင်ကြားရှာဖွေ၊ နောက်ပေ သုစရိုက်၊ ကိုယ်၌မကွာ၊ ယှဉ်စေရာ၏။ တစ်ဖြာထိုမှ၊ ဓနရှာခြင်း၊ မပျင်းလုံ့လ၊ ဝီရိယကို၊ ဖြစ်ထစေရာ၊ ဤခြောက်ဖြာကား၊ လူ့ရွာ၌မှီ၊ လူဖြစ်ပြီတို့၊ လောကီလောကုတ်၊ မယုတ်အကျိုး၊ မညှိုးစင်စစ်၊ ပွားကြောင်းဖြစ်၏။ (မဃဒေဝ -၃၂၆)။ ကံအားလျှော်စွာ အရတော်လို့ လူဖြစ်လာသောသူတို့သည် (၁) ကျန်းမာရေးကောင်းအောင် နေထိုင်ရမည်။ လူသားတို့သည် အနာရောဂါကင်းခြင်းဟုဆိုအပ်သော ကျန်းမာရေးကောင်းခြင်းတည်းဟူသော လာဘ်ကို အထူးလိုအပ်ပါသည်။ ကျန်းမာရေးမကောင်းလျှင် မည်သည့် အရာမျှ တိုးတက်အောင် ပြုလုပ်ရာ၌ မဆင်မပြေပါ။ ဗုဒ္ဓစာပေတွင် ကျန်းမာခြင်းသည် မြတ်သော လာဘ်ဖြစ်၏။ ရောင်ရဲတင်းတိမ်ခြင်းသည် မြတ်သော ဥစ္စာဖြစ်၏။ မိမိနှင့် ချစ်ကျွမ်းဝင်သူသည် မြတ်သော မိတ်ဆွေဖြစ်၏။ နိဗ္ဗာန်သည် မြတ်သော ချမ်းသာ ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောတော်မူ၏။ မဟာဘာရတ ဇာတ်တော်ကြီးတွင် ဟတ္ထိနာဂပုရပြည့...

အရှင်မဟာကဿပ(သို့မဟုတ်)ဆင်းရဲသားတို့၏ကိုးကွယ်ရာ

အရှင်မဟာကဿပ(သို့မဟုတ်) ဆင်းရဲသားတို့၏ ကိုးကွယ်ရာ ========================================= {အရှင်မဟာကဿပ မထေရ်မြတ်ဟာ ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ တတိယ မဟာသာ၀ကကြီးတစ်ပါး ဖြစ်တော်မူ ပါ တယ်။ လွန်လေပြီးသောအခါ ကမ္ဘတစ်သိန်းထက်က ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာနိသဘမထေရ်ကို ကြည်ညို အား ကျကာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ရဲ့ထံတော်မှာ ဆုထူးပန်ဆင်ခဲ့တာဖြစ်ပြီး ပါရမီတော်တွေကို ထူးချွန်ပြောင်မြောက်စွာ ဖြည့် ဆည်းတော်မူခဲ့တာလည်း ဖြစ်ပါတယ်။         အရှင်မဟာကဿပမထေရဲ့ အတိတ်ဘာဇာတ်ကြောင်းနဲ့ ပစ္စုပ္ပာန်ဘ၀ အချင်းအရာတွေဟာ အင်မတန် ဆန်းကြယ် အံ့သြဖွယ်တွေဖြစ်သလို လွန်စွာမှလည်း ကြီးကျယ်မြင့်မြတ်လှပါတယ်။ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက " မြန်မာပြည်က ထေရုပ္ပတ္တိတွေဟာ လူလို မရေးကြဘူး။ နတ်လို ရေးနေကြတယ်။ ငါ့ကတော့ ငါရဲ့ထေရုပ္ပတ္တိကို လူလိုပဲရေးမယ်"လို့ တစ်ချိန်က မိန့်ကြားတော်မူခဲ့ဖူးပါတယ်။အရှင် မဟာကဿပမထေရ်ရဲ့ ထေရုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ "လူလို နတ်လိုသာမက ဗြဟ္မာလို ရေးပါမှ"တိကျမှန်ကန်ပြည့်စုံနိုင်မှာပါ။} အရှင်မဟာကဿပ မထေရ်လောင်းလျာဟာ နောက်ဆုံးဘ၀မှာ မဂဓတိုင်း၊ မဟာတိတ္ထ ပုဏားရွာ ကပိလပုဏား...
Image
သူတော်စကားနေ့တိုင်းကြားလည်း ======================= မကြာမီအချိန်ကမှ သာသနာတွင်း ဝင်ရောက်လာတဲ့ တိဿဆိုတဲ့ တောထွက် ရဟန်းကြီး တစ်ပါးဟာ မြတ်စွာဘုရားရှင်ရဲ့ ဝမ်းကွဲ ညီအကို တော်သူပါ။ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ရောက်လာလေ့ ရှိသူတို့ရဲ့ ဆုံစည်းရာ နေရာဖြစ်တဲ့ ဇေတဝန်ကျောင်းတော် အလည်က ဇရပ်တစ်ဆောင်မှာ အနေများပါတယ်။ မြတ်စွာဘုရားကို ပူဇော်ဆက်ကပ်ကြတဲ့ လှူဒါန်း စားသောက် ဖွယ်တွေကို မှီဝဲ စားသောက်ပြီး ဇိမ်ကျကျ စတိုင်ကျကျနဲ့ နေထိုင် လေ့ရှိပါတယ်၊ ဘုရားရှင်ကိုဖူးမြော် ကြည်ညိုဖို့ အဝေးကနေ ရောက်လာကြတဲ့ ရဟန်းတော်များက သူ့ရဲ့အခြမှန်ကို မသိတာကြောင့် သက်ကြီးဝါကြီး မထေရ်ကြီးတစ်ပါးအမှတ်နဲ့ သူ့ကိုရှိခိုးပူဇော်ကြ၊ ဝတ်ကြီးဝတ်ငယ်များကိုလည်း ပြုစုကြပါတယ်၊ ဒါကိုသူကလည်း သာယာကျေနပ်နေပါတယ်၊ တကယ်ဆို ရဟန်းတော်များဆိုတာက အချင်းချင်း သိက္ခာဝါကြီးသူ ( ဉီးစွာရဟန်းဖြစ်သူ) ကို အရိုအသေပေးရရိုး အစ ဉ်အလာရှိပါတယ်၊ သို့ပေမယ့် ဒီတိဿရဟန်းကြီးကတော့ ဒီအစ ဉ်အလာကို မသိကျိုး ကျွန်ပြုပြီး ကိုယ့်ထက်သိက္ခာဝါကြီးသူများရဲ့ အရိုအသေပေးမှုကို ခံယူကျေနပ်နေခဲ့တာပါ။ တနေ့မတော့ ရဟန်းငယ် တစ်ပါးက အရှင်ဘုရား ဝါတော် ဘယ်လောက် ရှိပါပြီလဲဘုရားလို့ စူးစမ...